Thursday, November 8, 2012

အော်ဂဲနစ်စိုက်ပျိုးရေး၏ အယူအဆများ

အော်ဂဲနစ်စိုက်ပျိုးရေးဆိုသည်မှာ ဓာတုဒြပ်ပေါင်းများ ပေါင်းစပ်ထားသော ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေး များ၊ အပင်ကြီးထွားဆေးများနှင့် မွေးမြူရေးဆိုင်ရာ တိရစ္ဆာန်ဖြည့်စွက်စာများအား အသုံးပြုဘဲ စိုက်ပျိုး မွေးမြူခြင်းကို ခေါ်ဆိုသည်။

အော်ဂဲနစ်စိုက်ပျိုးမွေးမြူရေး၏ ရည်ရွယ်ချက်မှာ အသေးငယ်ဆုံးသော မြေမှုန်လေးမှစ၍ လူသားများအထိ သက်ရှိဇီဝရုပ်များ၏ ကျန်းမာရေးကို မြှင့်တင်ပေးရန်နှင့် ထိန်းသိမ်းပေးရန်ဖြစ်သည်။

အော်ဂဲနစ်စိုက်ပျိုးရေး၏ အဓိကရည်ရွယ်ချက်မှာ မြေဆီလွှာ ကျန်းမာ ရေးကို မြှင့်တင် ပေးရန် ဖြစ်သည်။ အော်ဂဲနစ်စိုက်ပျိုးရေးသမားများသည် စိုက်ပျိုးမွေးမြူရေးအတွက် နည်းလမ်းအမျိုးမျိုးဖြင့် စိုက်ပျိုးကြသည်။

၎င်းတို့တွင် တိရိစ္ဆာန်အညစ်အကြေးများမှရရှိသော မြေသြဇာ၊ သစ်စိမ်း မြေသြဇာ၊ သစ်ရွက်ဆေးမြေသြဇာများ အသုံးပြုခြင်း၊ ကောက်ရိုး ဆွေး၊ သစ်ရွက်ဆွေးများ အသုံးပြုခြင်းနှင့် စက်မှုလယ်ယာလုပ်ကိုင်ခြင်းတို့ ပါဝင် သည်။

စိုက်ပျိုးရေးသမားများသည် အချို့သော အပင်ကြီးထွားဆေး၊ မြေသြဇာ များနှင့် (Seed meal, green sand နှင့်  rock phosphate) စသော အမျိုးမျိုးသော အပင်အာဟာရ အမှုန့်များကို အသုံးပြုကြသည်။
၎င်းတို့သည် မြေဆီလွှာ၏ ထုတ်လုပ်နိုင်အားကို ထိန်းသိမ်းရာတွင် ကူညီပေးကာ အပင်များ၏ အာဟာရကို ပံ့ပိုးပေးပြီး ပေါင်းပင်များ၊ အင်းဆက်ပိုးမွှားများနှင့် အခြားအပင်ဖျက်ပိုးများကိုပါ ထိန်းချုပ်ပေးနိုင်သည်။

အော်ဂဲနစ်စိုက်ပျိုးရေးသည် လယ်ယာစိုက်ပျိုးခြင်းပြုလုပ်ရာတွင် အဆိပ် အတောက်ကင်းစင်သော ပတ်ဝန်း ကျင်နှင့် လိုက်လျောညီထွေ ရှိစေသည်သာမက စီးပွားရေးအရပါ အထောက်အပံ့ဖြစ်စေပါသည်။ အစား အစာများတွင် ယုံကြည်စိတ်ချရမှု အမြင့်ဆုံးမှာ ဒေသတွင်း ထွက်ကုန်များကိုသာ ၀ယ်ယူခြင်းနှင့် ကိုယ်တိုင် စိုက်ပျိုးခြင်းမှ ရရှိနိုင်ပါသည်။

By: Mr.Bird
https://about.me/mr.bird


No comments:

Post a Comment