Wednesday, September 5, 2012

၂၁ ရာစုတွင် အော်ဂဲနစ်အား အထောက်အပံ့ပေးရခြင်း အဓိက အကြောင်းရင်း (၁၀)ချက်

၁။ အဆိပ်အတောက်များအား လျှော့ချရန် (လေထု၊ ရေထု၊ မြေဆီလွှာနှင့် ကျွန်ုပ်တို့ ခန္ဓာ ကိုယ်တွင်းမှ ဓာတုပစ္စည်းများ ကင်းစင်စေခြင်း)

 

    သက်ရှိသတ္တ၀ါ အားလုံး ကျန်းမာစွာအသက်ရှင်နေထိုင်ရန်အတွက် အဆိပ်အတောက် ကင်းစင်သော ပါတ်ဝန်းကျင်ဖြစ်ဖို့ သဘာဝ အော်ဂဲနစ် အစားအစာများကိုသာ ၀ယ်ယူခြင်းဖြင့် ကူညီရာရောက်သည်။ USDA စစ်တမ်းများအရ အမေရိကန်နိုင်ငံရှိ ၀.၅ရာခိုင်နှုန်းသော သီးနှံများနှင့် စားကျက်မြေများသာလျှင် သဘာဝအတိုင်းဖြစ်၍ ကျန် ၉၉.၅ ရာခိုင်နှုန်းသော လယ်ယာဧကတို့မှာ ဘေးဥပါဒ်ဖြစ်စေသော စိုက်ပျိုးရေးသုံး ဓာတုပစ္စည်းများနှင့် ထိတွေ့နေရခြင်း အန္တရာယ်နှင့် ကြုံတွေ့နေရသည်။



၂။ စိုက်ပျိုးခြင်းမှဖြစ်ပေါ်သော ညစ်ညမ်းမှုကို လျှော့ချခြင်း

 

    စက်မှုလယ်ယာမှ အညစ်အကြေးတို့သည် လယ်မြေ၊ လယ်ယာထွက်ကုန်များနှင့် လယ်လုပ်သားများ သာမက ၄င်းနှင့်နီးကပ်နေသော မြစ်ချောင်းအင်းအိုင်များနှင့် အနီးအနား ပါတ်ဝန်းကျင်များကိုပါ အဆိုး ရွားဆုံး ပျက်စီးစေနိုင်သည်။ စိုက်ပျိုးရေးသုံး အဆင်း၊ အနံ့မရှိသော ပိုးသတ်ဆေးများသည် ၄င်းမြစ်ချောင်း အင်းအိုင်များမှ တဆင့် ပင်လယ်သမုဒ္ဒရာ ပတ်ဝန်းကျင်ကိုပါ ဆိုးကျိုးပေးနိုင်သော အဓိကတရား ခံ  ဖြစ်လာသည်။ မြစ်ရေနှင့်အတူပါလာသော ဓာတုဓါတ်မြေသြဇာများသည် နူးညံ့သော သမုဒ္ဒရာပါတ်ဝန်း ကျင်တွင် ရေသတ္တ၀ါများ သေစေနိုင်သော အန္တရာယ်ဇုန်များ ဖြစ်ပေါ်စေသော အဓိက လက်သည်ဖြစ် လာသည်။ ဥပမာအားဖြင့် ၂၀၀၂ခုနှစ် သြဂုတ်လထုတ် သိပ္ပံမဂ္ဂဇင်း၏ ဖော်ပြချက်အရ မက္ကဆီကို ပင်လယ်ကွေ့တွင်းရှိ အန္တရာယ်ဇုန်မှာ ယခုချိန် တွင် ၂၀,၀၀၀စတုရန်းကီလိုမီတာခန့် ရှိနေပြီဖြစ်ပြီး ၄င်းအကျယ်အ၀န်းမှာ နယူးဂျာဆီပြည်နယ် ထက်ပင် ပိုမိုကျယ်ဝန်းနေသည်ဟု  သိရပါသည်။


၃။ အနာဂတ်မျိုးဆက်များအား ကာကွယ်ခြင်း

 

မိခင်တစ်ဦး မိမိ မွေးကင်းစရင်သွေးကို ပထမဆုံးအကြိမ် မစောင့်ရှောက်ရသေးခင်မှာပင် ပိုးသတ်ဆေး များမှ အဆိပ်အန္တရာယ် စတင်ကြုံတွေ့ပြီးဖြစ်သည်။ လေ့လာချက်များအရ မွေးကင်းစကလေးများသည် မိခင်၏ သားအိမ်တွင်းမှာပင် အန္တရာယ်ရှိသော ဓာတုပစ္စည်းရာပေါင်းမှားစွာနှင့် ထိတွေ့ခဲ့ပြီးဖြစ်သည်။ အမှန်မှာတော့ လူသားများအား အန္တရာယ်မပေးနိုင်သည့် စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်းသုံး ဓာတုပစ္စည်း များ ပမာဏသည် အရွယ်ရောက်ပြီးသူများ၏ ခံနိုင်ရည်ပေါ်တွင်သာ မူတည်၍ တိုင်းတာ သတ်မှတ် ထားခြင်းဖြစ်ပြီး ကလေးငယ်များအပေါ် တိုင်းတာထားခြင်းမရှိပါ။ အမေရိကန် အမျိုးသား သိပ္ပံဌာန၏ အဆိုအရ အနည်းငယ်သောပိုးသတ်ဆေးပမာဏကိုသာ ထိတွေ့ခြင်းသည်လည်း ဦးနှောက် အာရုံကြော စနစ်အား ဆိုးကျိုး သက်ရောက်စေနိုင်သည်။ များစွာသောလေ့လာချက်များအရ ပိုးသတ်ဆေးများသည် အာရုံကြောစနစ်ကို ဆိုးရွားစွာ ထိခိုက်စေနိုင်သည်။ ကင်ဆာရောဂါဖြစ်နိုင်ချေပိုများစေသည်။ ဖွံ့ဖြိုး မှုနှုန်း နှောင့်နှေးစေသည်။