၁။ အဆိပ်အတောက်များအား လျှော့ချရန် (လေထု၊ ရေထု၊ မြေဆီလွှာနှင့် ကျွန်ုပ်တို့ ခန္ဓာ ကိုယ်တွင်းမှ ဓာတုပစ္စည်းများ ကင်းစင်စေခြင်း)
သက်ရှိသတ္တ၀ါ အားလုံး ကျန်းမာစွာအသက်ရှင်နေထိုင်ရန်အတွက် အဆိပ်အတောက် ကင်းစင်သော ပါတ်ဝန်းကျင်ဖြစ်ဖို့ သဘာဝ အော်ဂဲနစ် အစားအစာများကိုသာ ၀ယ်ယူခြင်းဖြင့် ကူညီရာရောက်သည်။ USDA စစ်တမ်းများအရ အမေရိကန်နိုင်ငံရှိ ၀.၅ရာခိုင်နှုန်းသော သီးနှံများနှင့် စားကျက်မြေများသာလျှင် သဘာဝအတိုင်းဖြစ်၍ ကျန် ၉၉.၅ ရာခိုင်နှုန်းသော လယ်ယာဧကတို့မှာ ဘေးဥပါဒ်ဖြစ်စေသော စိုက်ပျိုးရေးသုံး ဓာတုပစ္စည်းများနှင့် ထိတွေ့နေရခြင်း အန္တရာယ်နှင့် ကြုံတွေ့နေရသည်။
၂။ စိုက်ပျိုးခြင်းမှဖြစ်ပေါ်သော ညစ်ညမ်းမှုကို လျှော့ချခြင်း
စက်မှုလယ်ယာမှ အညစ်အကြေးတို့သည် လယ်မြေ၊ လယ်ယာထွက်ကုန်များနှင့် လယ်လုပ်သားများ သာမက ၄င်းနှင့်နီးကပ်နေသော မြစ်ချောင်းအင်းအိုင်များနှင့် အနီးအနား ပါတ်ဝန်းကျင်များကိုပါ အဆိုး ရွားဆုံး ပျက်စီးစေနိုင်သည်။ စိုက်ပျိုးရေးသုံး အဆင်း၊ အနံ့မရှိသော ပိုးသတ်ဆေးများသည် ၄င်းမြစ်ချောင်း အင်းအိုင်များမှ တဆင့် ပင်လယ်သမုဒ္ဒရာ ပတ်ဝန်းကျင်ကိုပါ ဆိုးကျိုးပေးနိုင်သော အဓိကတရား ခံ ဖြစ်လာသည်။ မြစ်ရေနှင့်အတူပါလာသော ဓာတုဓါတ်မြေသြဇာများသည် နူးညံ့သော သမုဒ္ဒရာပါတ်ဝန်း ကျင်တွင် ရေသတ္တ၀ါများ သေစေနိုင်သော အန္တရာယ်ဇုန်များ ဖြစ်ပေါ်စေသော အဓိက လက်သည်ဖြစ် လာသည်။ ဥပမာအားဖြင့် ၂၀၀၂ခုနှစ် သြဂုတ်လထုတ် သိပ္ပံမဂ္ဂဇင်း၏ ဖော်ပြချက်အရ မက္ကဆီကို ပင်လယ်ကွေ့တွင်းရှိ အန္တရာယ်ဇုန်မှာ ယခုချိန် တွင် ၂၀,၀၀၀စတုရန်းကီလိုမီတာခန့် ရှိနေပြီဖြစ်ပြီး ၄င်းအကျယ်အ၀န်းမှာ နယူးဂျာဆီပြည်နယ် ထက်ပင် ပိုမိုကျယ်ဝန်းနေသည်ဟု သိရပါသည်။
၃။ အနာဂတ်မျိုးဆက်များအား ကာကွယ်ခြင်း
မိခင်တစ်ဦး မိမိ မွေးကင်းစရင်သွေးကို ပထမဆုံးအကြိမ် မစောင့်ရှောက်ရသေးခင်မှာပင် ပိုးသတ်ဆေး များမှ အဆိပ်အန္တရာယ် စတင်ကြုံတွေ့ပြီးဖြစ်သည်။ လေ့လာချက်များအရ မွေးကင်းစကလေးများသည် မိခင်၏ သားအိမ်တွင်းမှာပင် အန္တရာယ်ရှိသော ဓာတုပစ္စည်းရာပေါင်းမှားစွာနှင့် ထိတွေ့ခဲ့ပြီးဖြစ်သည်။ အမှန်မှာတော့ လူသားများအား အန္တရာယ်မပေးနိုင်သည့် စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်းသုံး ဓာတုပစ္စည်း များ ပမာဏသည် အရွယ်ရောက်ပြီးသူများ၏ ခံနိုင်ရည်ပေါ်တွင်သာ မူတည်၍ တိုင်းတာ သတ်မှတ် ထားခြင်းဖြစ်ပြီး ကလေးငယ်များအပေါ် တိုင်းတာထားခြင်းမရှိပါ။ အမေရိကန် အမျိုးသား သိပ္ပံဌာန၏ အဆိုအရ အနည်းငယ်သောပိုးသတ်ဆေးပမာဏကိုသာ ထိတွေ့ခြင်းသည်လည်း ဦးနှောက် အာရုံကြော စနစ်အား ဆိုးကျိုး သက်ရောက်စေနိုင်သည်။ များစွာသောလေ့လာချက်များအရ ပိုးသတ်ဆေးများသည် အာရုံကြောစနစ်ကို ဆိုးရွားစွာ ထိခိုက်စေနိုင်သည်။ ကင်ဆာရောဂါဖြစ်နိုင်ချေပိုများစေသည်။ ဖွံ့ဖြိုး မှုနှုန်း နှောင့်နှေးစေသည်။
၎။ ကျန်းမာသောမြေဆီလွှာကို တည်ဆောက်ခြင်း
Cornell တက္ကသိုလ်မှ David Pimental ၏ အဆိုအရ အမေရိကန်နိုင်ငံတွင် သီးနှံတစ်မျိုးတည်းသာ စိုက်ပျိုးခြင်းနှင့် ဓာတုဓာတ်မြေသြဇာပေါ်တွင်သာ မှီခိုနေခြင်းသည် အပေါ်ယံမြေဆီလွှာပျက်စီးစေ သဖြင့် နှစ်စဉ် အမေရိကန်ဒေါ်လာ ၄၀ဘီလျံခန့်ဆုံးရှုံးလျက်ရှိပါသည်။ ထို့အပြင် အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များမှ အာဟာရဖြစ်စေသော ဓါတ်များကိုပါ ဆုံးရှုံးစေသည်။ မြေဆီလွှာများတွင် အမိုးနီး ယားနှင့် ဓာတုဓါတ်မြေသြဇာများအစား အော်ဂဲနစ်သဘာဝ ပစ္စည်းများကိုသာ အသုံးပြုခြင်းသည် သီးနှံ ထွက်ကုန်များ၏ အာဟာရများတိုးပွားစေသည်။ အော်ဂဲနစ်အစားအစာများတွင် ဗီတာမင်နှင့်သတ္တုဓါတ် များ မြင့်မားစွာပါဝင်နေကြောင်းတွေ့ရှိရသည်။ အော်ဂဲနစ် စိုက်ပျိုးရေးနှင့် အစားအစာထုတ်ကုန်များမှ ဓါတ် တိုးဆန့်ကျင်မှု အဆင့်(Antioxidant levels)ကိုမြှင့်တင်ပေးနိုင်ကြောင်း ၂၀၀၅ခုနှစ် အတွင်း လေ့လာချက် များအရ သိရသည်။ (Organic Center State of Science Review (1.05))
၅။ ပိုမိုကောင်းမွန်သည့် စစ်မှန်သောအရသာ
ကျွန်ုပ်တို့ စားသမျှအစားအစာတွေမှာ အော်ဂဲနစ်အစားအစာရဲ့အရသာဟာ ပိုမိုကောင်းမွန်တယ်ဆို တာ သိပ္ပံပညာရှင်များ လက်ခံလာကြပါပြီ။ စတော်ဘယ်ရီ၏ အရသာသည် သဘာဝအတိုင်း စိုက်ပျိုးရာတွင် ပိုမို၍ အရသာကောင်းသည်ကို တွေ့ရပါသည်။ ၀ါရှင်တန်ပြည်နယ်တက္ကသိုလ်မှ သုတေသန ပညာ ရှင်များသည် ဓါတ်ခွဲခန်း၌ စမ်းသပ်ရာတွင် သဘာဝအော်ဂဲနစ်မှထွက်ရှိသော ဘယ်ရီသီးများသည် ပို၍ ချိုသောအရသာရှိကြောင်း တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြသည်။ တွေ့ရှိချက်အသစ်တစ်ခုအရ အချို့သော အော်ဂဲနစ် သဘာဝထွက်ကုန်များသည် အခြားသော သမားရိုးကျ အစားအစာများထက် ယမ်းစိမ်း၊ ငရဲမီးဓါတ်ပေါင်းစု (Nitrates) ပို၍နည်းပါးပြီး ဓါတ်တိုးဆန့်ကျင်မှု(Antioxidant) ပမာဏ ပိုမို မြင့်မားစွာပါဝင်ကြောင်း သက်သေပြခဲ့သည်။ သဘာဝအော်ဂဲနစ်၏ ရသကို စတင်ခံစားကြပါစို့။
၆။ ပုံစံအမျိုးမျိုးသော လယ်သမားမိသားစုများကို ကူညီဖေးမခြင်း
အော်ဂဲနစ်စိုက်ပျိုးရေး သုတေသနဖောင်ဒေးရှင်းအဖွဲ့၏ အဆိုအရ အမေရိကန်နိုင်ငံ၌ အသိအမှတ်ပြု လက်မှတ်ရ အော်ဂဲနစ်ပစ္စည်း ထုတ်လုပ်သူ အရေအတွက်မှာ ၁၉၉၄ ခုနှစ်၌ ၂၅၀၀-၃၀၀၀ အတွင်းသာ ရှိရာမှ ၂၀၀၆ခုနှစ်တွင် ၁၀,၀၀၀ ခန့် ရှိနေပြီဖြစ်သည်။ ယနေ့အမေရိကန်နိုင်ငံရှိ ခန့်မှန်းခြေ ၂သန်းမျှသော လယ်ယာမြေများနှင့် ယှဉ်လျှင် အော်ဂဲနစ် အသုံးပြုလယ်မြေများမှာ လွန်စွာပင် နည်းပါးလွန်းလှသည်။ အသိအမှတ်ပြု လက်မှတ်ရရှိထားသော မိသားစုလုပ်ငန်း အော်ဂဲနစ်လယ်ယာများမှာ စီးပွားရေး အကျိုး အမြတ်နှစ်မျိုးကို ရရှိစေနိုင်သည်။ ပထမအကျိုးအမြတ်မှာ အထွက်နှုန်းတိုး၍ ဒုတိယအကျိုးအမြတ်မှာ ပါတ်ဝန်းကျင်တွင် အဆိပ်အတောက်ကင်းစင်စေခြင်းတို့ဖြစ်ပါသည်။ လယ်မြေ ၄ဧကသာလျင်ရှိသော သစ်သီးခြံလေးပဲဖြစ်ဖြစ်၊ ဧက ၄၀၀၀ရှိ ဂျုံခင်းပဲဖြစ်ဖြစ် အော်ဂဲနစ်သည် သင်နှင့် သင့်မိသားစုအတွက် အကျိုးဖြစ်ထွန်းစေမည့် စစ်မှန်သော မိတ်ဆွေပင်ဖြစ်ပါသည်။
၇။ သင်၏နေ့စဉ်စားသုံးသော အစားအစာများတွင် အရည်အသွေး မပြည့်မီသော ဈေးကွက်တွင် အလွယ်တ ကူရရှိနိုင်သော အစာအစာများကို ရှောင်ကျဉ်ခြင်း
ပုံတူမျိုးပွားအစားအစာများ။ ဇီဝဂျင်းနှင့် rBGH အိုး...။ အော်ဂဲနစ်အစားအစာများ အစိုးရ အသိအမှတ်ပြု ခံရရန်၁၃နှစ် ကြာ တိုက်ပွဲဝင်ခဲ့ရသည့်အချိန်တွင် ထိုအစားအသောက် နည်းပညာများ သည် ဈေးကွက်အတွင်း မည်ကဲ့သို့ ဤမျှလောက်လျင်လျင်မြန်မြန် ၀င်ရောက်နိုင်ခဲ့သည်ကို စိတ်ဝင်စား မိပါသည်။ လွန်ခဲ့သော ဆယ့်တစ်နှစ်က မျိုးရိုးဗီဇပြုပြင်ထားသော အစားအစာများသည် ကျွန်ုပ်တို့ နေ့စဉ်စားသုံးသော အစားအစာများတွင် မပါဝင် ခဲ့ပါ။ ယနေ့အချိန်တွင်မူ ၃၀ရာခိုင်နှုန်းသော ကျွန်ုပ်တို့၏ စိုက်ပျိုးမြေများသည် GMOs(ဇီဝဂျင်း) နည်းပညာနှင့် စိုက်ပျိုးနေကြကြောင်း အံ့သြဖွယ်တွေ့ ရှိရသည်။ ကျွန်ုပ်တို့ နေ့စဉ်စားသုံးသော အစားအစာများတွင် အခြားသော မျက်မှောက်ခေတ် အစားအစာ များနှင့် ဓါတ်ခွဲခန်းထုတ်ဖြည့်စွက်စာများနှင့် နှိုင်းယှဉ်ပါက အော်ဂဲနစ် သဘာဝထုတ်ကုန်သည်သာလျှင် သင့်ကျန်းမာရေး အတွက် ဘေးကင်း၍ လုံခြုံစိတ်ချရသော အာမခံချက် အပြည့်အ၀ပေးနိုင်သည့် အစား အစာသာလျှင်ဖြစ်သည်။
၈။ သဘာဝ၏အရသာကို အာရုံခံ စားသောက်ခြင်း
ဒေသထွက်သီးနှံ၊ တင်သွင်းထားသော ကော်ဖီ သို့မဟုတ် လက်လုပ် ဒိန်ခဲ၊ မည်သည့်အရာ ပင်ဖြစ်စေ၊ အော်ဂဲနစ်သည် ထိုဒေသနှင့် ဒေသခံများ အတွက် လေးစား ဂုဏ်ယူဖွယ် ပြယုဂ် တစ်ခုပင် ဖြစ် သည်။ မည်သည့်နေရာဒေသ တွင် နေထိုင်သည်ဖြစ်စေ၊ အော်ဂဲနစ်စိုက်ပျိုးရေးသည် သင်၏လုပ်အားကို ပျမ်းမျှအားဖြင့် ၃၀%လျှော့ချပေးသည်။ ထို့ပြင် ပတ်ဝန်းကျင်ရှိရေနှင့် သက်ရှိသတ္တ၀ါများ၊ ကျွန်ုပ် တို့ ကောက်ပဲသီးနှံများကို ရိတ်သိမ်းပေးသော သူများအတွက် ပိုမို၍ လုံ ခြုံစိတ်ချရသည်။ ရာသီအလိုက် ထွက်ရှိသော ကောက်ပဲသီးနှံများကို စားသုံးခြင်းဖြင့် သင်၏ ဒေသခံတောင်သူလယ်သမားများအား အထောက်အကူပြုသည်သာမက ကမ္ဘာ့အော်ဂဲနစ်ဈေးကွက်ကိုပါ အထောက်အကူဖြစ်စေသည်။ ၄င်းသည် သင့်အား ကောင်းသောအရာသာနှင့် စိတ်ကျေနပ်မှုကို ပေးစွမ်းနိုင်လိမ့်မည်။
၉။ မျိုးစုံသော ဇီဝသက်ရှိများ ဖြစ်ထွန်းစေခြင်း
အော်ဂဲနစ်စိုက်ခင်းကို လည်ပတ်ရင်း သင်အရာတစ်ခုကို သတိပြုမိလိမ့်မယ်။ တ၀ီဝီ၊ တကျည်ကျည်၊ တစီစီမြည်သံရှိတဲ့ တိရစ္ဆာန်လေးတွေ၊ ငှက်ကလေးတွေနဲ့ ပိုးကောင်လေးတွေရဲ့လှုပ်ရှားမှုပေါ့။ သင်ဟာ အော်ဂဲနစ် စိုက်ပျိုးရေးကို စတင်တဲ့ ပထမရာသီအပြီးမှာပဲ အလေ့ကျအပင်တွေ၊ ငှက်ကလေးတွေ နဲ့ သိမ်းငှက်ကြီးတွေဟာ သင့်လယ်ကွင်းကိုပြန်လာကြကြောင်း သတိပြုမိလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ အကျိုးပြု အင်းဆက် ပိုးမွှားလေးတွေဟာ သဘာဝတရားကို ဟန်ချက်ညီညီထိန်းထားပေးတဲ့အတွက် အဲဒီဒေသရဲ့ တိရစ္ဆာန်လေးတွေက သင့်လယ်မြေဟာ သူတို့အတွက် လုံခြုံမှုပေးစွမ်းနိုင်တဲ့ ကောင်းကင်ဘုံ တစ်ခုဖြစ်ကြောင်း တွေ့ရှိသွားလို့ဖြစ်ပါတယ်။ Aldo Leopold ပြောခဲ့တဲ့ အကောင်းဆုံး စကားတစ်ခွန်း ကတော့ ``ကောင်းမွန်သော စိုက်ခင်းဆိုတာ အလေ့ကျပေါက်တဲ့အပင်လေးတွေနဲ့ အဲဒီဒေသမှာ ကျက်စား ကြတဲ့ တိရစ္ဆာန်လေးတွေရဲ့ တည်ရှိမှုပျောက်ပျက်မသွားခြင်းပဲဖြစ်တယ်´´ လို့ပြောခဲ့ပါတယ်။ စက်မှု လယ်ယာ စိုက်ပျိုးရေးမှာမူ ထွက်နှုန်းမြင့်စေရန်အတွက် သဘာဝ ပေါက်ပင်များအား ရှင်းလင်းပစ် ရသည်။ ထို့ကြောင့် အော်ဂဲနစ် စိုက်ပျိုးရေးသည် သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အကူညီပေးသော အရာလည်း ဖြစ်ပေသည်။
၁၀။ စိုက်ပျိုးရေး အစဉ်အလာယဉ်ကျေးမှုကို ဂုဏ်ပြုခြင်း
အစားအစာသည် ယဉ်ကျေးမှုတိုင်း၏ ဘာသာစကားဖြစ်သည်။ နဂိုရင်းမြစ် အားနည်းနေသောကြောင့် အော်ဂဲနစ် ဟူသော ဘာသာစကားကို လက်ခံခွင့်ပြုနိုင်ဖို့ဆိုတာ အရေးကြီးတဲ့ ယဉ်ကျေးမှုတော်လှန်ရေးတစ်ရပ်ဖြစ်တယ်။ အမျိုးမျိုးအဖုံဖုံသော သဘာဝတွေနဲ့ သက်ရှိအားလုံးကို ကယ်တင်ဖို့ဆိုတာ ဓာတုအဆိပ်နဲ့ ပါတ်ဝန်းကျင်ကို အန္တရာယ်ဖြစ်စေတာတွေကို အရင်ဖယ်ရှားရမှာဖြစ်ပါ တယ်။ တကယ်လို့ ဒီလိုလွယ်ကူတဲ့ လုပ်ရပ်လေးတောင်မလုပ်နိုင်ဘူးဆိုရင် .... ဥပမာအားဖြင့် အစဉ်ဆက် ထိန်းသိမ်းလာတဲ့မျိုးစေ့လေးတွေဟာ တိမ်ကောပျောက်ကွယ်မဲ့ အန္တရာယ်နဲ့ ရင်ဆိုင်ရမယ်။ သက်ရှိ အမျိုး မျိုးနှင့် ယဉ်ကျေးမှုကို ကာကွယ်တဲ့ လုပ်ရပ်ဖြစ်တယ်။ အော်ဂဲနစ် အစားအစာဆိုတာ အချိန်တိုအတွင်း စိုက်ပျိုးရေး စနစ်တစ်ခုလုံးမှာ အလျင်အမြန်အကျိုးသက်ရောက်မှုဆိုတာ မဖြစ်နိုင်ဘူး။ ၄င်းဟာ နှေးတယ်၊ ပိုမိုခက်ခဲတယ်၊ ပိုရှုပ်ထွေးနေတတ်တယ်။ ပြီးတော့ အလုပ်အင်အားကို တစိုက်မတ်မတ်ဆက်နေရမယ်။ ဒါပေမယ့် ယဉ်ကျေးမှုဟာ နေရာတိုင်းအဖို့ အစဉ်အမြဲရှိနေခြင်းဖြင့် စိုက်ပျိုးရေးဟာ လူ့ယဉ်ကျေးမှု အတွက် ဖြစ်ပြီး အော်ဂဲနစ်အဆိုတင်သွင်းခြင်းကို ဂုဏ်ပြုသင့်ပါတယ်။
By : Mr.Bird











No comments:
Post a Comment