Thursday, November 8, 2012

အော်ဂဲနစ်စိုက်ပျိုးမွေးမြူရေး၏ အခြေခံသဘောတရားများ

IFOAM - (International Federation of Organic Agriculture Movements)မှ သတ်မှတ်သော အော်ဂဲနစ် စိုက်ပျိုးမွေးမြူရေး၏ အခြေခံသဘောတရားများမှာ ပို၍ ကျယ်ပြန့်လာသည်။ ၄င်းတို့တွင် အစားအစားများအား ထုတ်လုပ်ရန်၊ ဖြန့်ဖြူးရန်နှင့် အစားအစာမဟုတ်သော လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ရန်အတွက် လယ်သမားများနှင့် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူတို့ မြေဆီလွှာ၊ ရေ၊ အပင်များနှင့်
တိရစ္ဆာန်များအား စီမံခန့်ခွဲပုံနည်းလမ်းများလည်း ပါဝင်သည်။ အော်ဂဲနစ်၏ အခြေခံသဘောတရားလေးချက်ဖြစ်သော ကျန်းမာခြင်း၊ သက်ရှိသတ္တ၀ါများ၊ အပင်များနှင့် သဘာဝ ပတ်ဝန်းကျင် လိုက်လျောညီထွေမှုရှိခြင်း၊ မျှတမှုရှိခြင်းနှင့် ဂရုစိုက်ခြင်း စသည်တို့ကို အော်ဂဲနစ် စိုက်ပျိုးမွေးမြူရေးအား အကောင်အထည်ဖော်ခဲ့ခြင်း၏ မူလအကြောင်းရင်းအဖြစ် ရှုမြင်နိုင်သည်။ IFOAM မှ သတ်မှတ်ထားသော အခြေခံသဘောတရားများ၏ စံနှုန်းများကို အသေးစိတ် ဖော်ပြထားပါသည်။

၁။ ကျန်းမာခြင်း

လယ်ယာစိုက်ပျိုးခြင်း၊ ထုတ်လုပ်ခြင်း၊ ဖြန့်ဝေခြင်း သို့မဟုတ် စားသုံးခြင်း မည်သည့်အရာပင်ဖြစ်စေ အော်ဂဲနစ်စိုက်ပျိုးမွေးမြူခြင်းသည် အသေးငယ်ဆုံးသော မြေမှုန်လေးမှစ၍ လူသားများအထိ သက်ရှိများ၏ ဇီဝရုပ်ဖြစ်ပျက်မှုကိုဟန်ချက်ညီစေပြီး ကျန်းမာအသက်ရှည်စေသည်။ အော်ဂဲနစ်စိုက်ပျိုးမွေးမြူခြင်းသည် အထူးသဖြင့် သက်ရှိများ ကျန်းမာ အသက်ရှည်စေရန် အရည်အသွေးမြင့်မား၍ အာဟာရ ပြည့်ဝသော အစားအစာများကို ထုတ်လုပ်ရန် ရည်ရွယ်သည်။
သက်ရှိသတ္တ၀ါတို့၏ ကျန်းမာခြင်းသည် ညီညွတ်မျှတသော အစာအာဟာရ ရရှိမှုအပေါ်တွင် မူတည်သဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးတို့တွင် အသုံးပြုသော ဓာတုဓာတ်မြေသြဇာများ၊ ပိုးသတ်ဆေးများ၊ တိရစ္ဆာန် ဆေးဝါးများနှင့် ဖြည့်စွက်စာများ မှဘေးထွက်ဆိုးကျိုးများသည် ပတ်ဝန်းကျင်ရှိ သက်ရှိသတ္တ၀ါတို့၏ ကျန်းမာရေးကိုပါ များစွာ ထိခိုက်စေနိုင်သည်။


၂။ သက်ရှိသတ္တ၀ါများ၊ အပင်များနှင့် သဘာဝပတ်ဝန်းကျင် လိုက်လျောညီထွေမှုရှိခြင်း

အော်ဂဲနစ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရိတ်သိမ်းမှုစနစ်တွင် သဘာဝပတ်ဝန်းကျင်နှင့် အပေးအယူမျှတ၍ အံဝင်ဂွင်ကျရှိရန် လိုအပ်ပေသည်။ အော်ဂဲနစ်သည် ဒေသတွင်းအခြေအနေများ၊ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်မှု၊ဒေသ၏ ဓလေ့ထုံးတမ်းစဉ်လာနှင့် သတ်မှတ်ချက်များအပေါ်တွင် မူတည်၍ အလိုက်သင့်ပြောင်းလဲရမည်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လူနေမှုအဆင့်အတန်းမြင့်မားရန်နှင့် သဘာဝအရင်းအမြစ်များကို ထိန်းသိမ်း စောင့်ရှောက်ရန်အတွက်စွန့်ပစ်ပစ္စည်းများမှ ပြန်လည်အသုံးပြုနိုင်အောင် ပြုလုပ်ခြင်း၊ စိုက်ပျိုးမွေးမြူရေး တွင် အသုံးပြုသောပစ္စည်းများနှင့် စွမ်းအင်ကို စနစ်တကျ စီမံခန့်ခွဲခြင်းဖြင့် ကုန်ကြမ်းများအား လျှော့ချနိုင် သည်။ အောဂဲနစ်ထုတ်ကုန်များအား ထုတ်လုပ်ခြင်း၊ ကူးသန်းရောင်းဝယ်ခြင်း (သို့မဟုတ်) သုံးစွဲခြင်းဖြင့် တောတောင်ရေမြေ၊ ရာသီဥတု၊ လေထုနှင့် ရေထုတို့ ပါဝင်သော သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ရာ ရောက်၍ အကျိုးကျေးဇူးများဖြစ်ထွန်းစေနိုင်သည်။ 


၃။ မျှတခြင်း

ဤအချက်အား ပိုမိုကြီးမားကျယ်ပြန့်သော လူမှုဆက်ဆံရေးနယ်ပယ် တွင် ပါဝင်နိုင်ရန်အတွက် အလေးထား လုပ်ဆောင်သည်။ အော်ဂဲနစ် စိုက်ပျိုးမွေးမြူရေးသည် လယ်သမားများ၊ အလုပ်သမားများ၊ ဖြန့်ချိသူ များ၊ ကုန်သည်များနှင့် စားသုံးသူများ စသဖြင့် လူတန်းစားအားလုံး အတွက် မျှတမှုရှိဖို့ ကြိုးပမ်းရန် လိုအပ် သည်။  လူသားတစ်ဦးချင်းစီ အတွက် ကောင်းမွန်သော လူနေမှုဘ၀ အဆင့်အတန်းအား အထောက်အပံ့ပေးပြီး အရည်အသွေး ကောင်းမွန်သော အစာအာဟာရနှင့်အခြားထုတ်ကုန်များ လုံလောက်စွာ အထောက် အပံ့ပေးနိုင် ရန်နှင့် ဆင်းရဲမွဲတေမှုကို လျှော့ချနိုင်ရန် ရည်ရွယ်သည်။ ထို့ပြင် တိရစ္ဆာန်များ၏ ဇီဝကမ္မဗေဒ၊ သဘာဝအလျောက် ပြုမူလှုပ်ရှားပုံများကို လိုက်၍ ၄င်းတို့၏ အခွင့်အရေးနှင့် အခြေအနေများပေါ်တွင် အထောက်အပံ့ ပေးသင့်သည်။ နောက်ဆုံးအနေဖြင့် ထုတ်လုပ်ခြင်းနှင့် သုံးစွဲခြင်းအတွက် အသုံးပြုသော သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အရင်းအမြစ်များကို အနာဂတ်မျိုးဆက်များအတွက် လူမှုဆက်ဆံရေးနှင့် ကျန်းမာရေး တို့တွင် ယုံကြည်စိတ်ချနိုင် စေရန် ကြိုးပမ်းသင့်ပေသည်။


၎။ ဂရုစိုက်ခြင်း

ကြိုတင်ကာကွယ်ခြင်းနှင့် တာဝန်ယူနိုင်မှုသည် အော်ဂဲနစ်စိုက်ပျိုးမွေးမြူရေးအား ကိုင်တွယ်ဖြေရှင်းမှု၊ တီထွင်မှုနှင့် နည်းပညာရွေးချယ်မှုများတွင် အဓိက သက်ဆိုင်သည်။ သက်ရှိတို့၏ ဖွဲ့စည်းတည်ဆောက်ပုံ စနစ်နှင့် စိုက်ပျိုးရေးကို ပြည့်ပြည့်စုံစုံ နားလည်ခြင်းမရှိပါက ဂရုစိုက်ခြင်း ဆိုသည်မှာလည်း အလိုလိုပင် ပျောက်ကွယ်သွားလိမ့်မည်။  သို့ဖြစ်၍ နည်းပညာသစ်များအား ချင့်ချိန်အသုံးပြုရန်နှင့် နဂိုတည်ရှိပြီး နည်းလမ်းများကိုပါ ပြန်လည်ဆန်းစစ်ရန်လိုအပ်သည်။ အော်ဂဲနစ် စိုက်ပျိုးမွေးမြူရေးသည် ကျန်းမာရေးနှင့်

ညီညွတ်ပြီး လုံခြုံစိတ်ချရရ၍ သက်ရှိများအားလုံးနှင့် သဘာဝပတ်ဝန်းကျင် တစ်သားတည်းဖြစ်မှုကို သေချာစေရန်အတွက် သိပ္ပံပညာသည်လည်း မရှိမဖြစ်လိုအပ်ပါသည်။ သိပ္ပံပညာရပ်ဆိုင်ရာ အသိပညာ တစ်ခုတည်းနှင့် မလုံလောက်သော်လည်း လက်တွေ့စမ်းသပ်မှု၊ ဥာဏ်ပညာအမြော်အမြင်မြင့်မားမှု၊ ရိုးရာအစဉ်အလာအရ သိရှိထားသော အသိပညာများဖြင့် မှန်ကန်ပြည့်စုံသော အဖြေကို ပေးစွမ်းနိုင်သည်။ အော်ဂဲနစ်စိုက်ပျိုးမွေးမြူရေးသည် သင့်လျော်သော နည်းပညာများအား လက်ခံအတည်ပြုခြင်းနှင့် ကြိုတင် ခန့်မှန်း၍မရသော နည်းပညာများ(ဥပမာအားဖြင့် - မျိုးရိုးဗီဇ ပြုပြင်ပြောင်းလဲခြင်း အတတ်ပညာ)အား ငြင်းပယ်ခြင်းဖြင့် ဖြစ်လာနိုင်သော ပြဿနာများကို ကြိုတင်ကာကွယ်ရန် ရည်ရွယ်ပါသည်။

By : Mr.Bird
http://about.me/mr.bird

အော်ဂဲနစ်စိုက်ပျိုးရေး၏ အယူအဆများ

အော်ဂဲနစ်စိုက်ပျိုးရေးဆိုသည်မှာ ဓာတုဒြပ်ပေါင်းများ ပေါင်းစပ်ထားသော ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေး များ၊ အပင်ကြီးထွားဆေးများနှင့် မွေးမြူရေးဆိုင်ရာ တိရစ္ဆာန်ဖြည့်စွက်စာများအား အသုံးပြုဘဲ စိုက်ပျိုး မွေးမြူခြင်းကို ခေါ်ဆိုသည်။

အော်ဂဲနစ်စိုက်ပျိုးမွေးမြူရေး၏ ရည်ရွယ်ချက်မှာ အသေးငယ်ဆုံးသော မြေမှုန်လေးမှစ၍ လူသားများအထိ သက်ရှိဇီဝရုပ်များ၏ ကျန်းမာရေးကို မြှင့်တင်ပေးရန်နှင့် ထိန်းသိမ်းပေးရန်ဖြစ်သည်။

အော်ဂဲနစ်စိုက်ပျိုးရေး၏ အဓိကရည်ရွယ်ချက်မှာ မြေဆီလွှာ ကျန်းမာ ရေးကို မြှင့်တင် ပေးရန် ဖြစ်သည်။ အော်ဂဲနစ်စိုက်ပျိုးရေးသမားများသည် စိုက်ပျိုးမွေးမြူရေးအတွက် နည်းလမ်းအမျိုးမျိုးဖြင့် စိုက်ပျိုးကြသည်။

၎င်းတို့တွင် တိရိစ္ဆာန်အညစ်အကြေးများမှရရှိသော မြေသြဇာ၊ သစ်စိမ်း မြေသြဇာ၊ သစ်ရွက်ဆေးမြေသြဇာများ အသုံးပြုခြင်း၊ ကောက်ရိုး ဆွေး၊ သစ်ရွက်ဆွေးများ အသုံးပြုခြင်းနှင့် စက်မှုလယ်ယာလုပ်ကိုင်ခြင်းတို့ ပါဝင် သည်။

စိုက်ပျိုးရေးသမားများသည် အချို့သော အပင်ကြီးထွားဆေး၊ မြေသြဇာ များနှင့် (Seed meal, green sand နှင့်  rock phosphate) စသော အမျိုးမျိုးသော အပင်အာဟာရ အမှုန့်များကို အသုံးပြုကြသည်။
၎င်းတို့သည် မြေဆီလွှာ၏ ထုတ်လုပ်နိုင်အားကို ထိန်းသိမ်းရာတွင် ကူညီပေးကာ အပင်များ၏ အာဟာရကို ပံ့ပိုးပေးပြီး ပေါင်းပင်များ၊ အင်းဆက်ပိုးမွှားများနှင့် အခြားအပင်ဖျက်ပိုးများကိုပါ ထိန်းချုပ်ပေးနိုင်သည်။

အော်ဂဲနစ်စိုက်ပျိုးရေးသည် လယ်ယာစိုက်ပျိုးခြင်းပြုလုပ်ရာတွင် အဆိပ် အတောက်ကင်းစင်သော ပတ်ဝန်း ကျင်နှင့် လိုက်လျောညီထွေ ရှိစေသည်သာမက စီးပွားရေးအရပါ အထောက်အပံ့ဖြစ်စေပါသည်။ အစား အစာများတွင် ယုံကြည်စိတ်ချရမှု အမြင့်ဆုံးမှာ ဒေသတွင်း ထွက်ကုန်များကိုသာ ၀ယ်ယူခြင်းနှင့် ကိုယ်တိုင် စိုက်ပျိုးခြင်းမှ ရရှိနိုင်ပါသည်။

By: Mr.Bird
https://about.me/mr.bird


Wednesday, September 5, 2012

၂၁ ရာစုတွင် အော်ဂဲနစ်အား အထောက်အပံ့ပေးရခြင်း အဓိက အကြောင်းရင်း (၁၀)ချက်

၁။ အဆိပ်အတောက်များအား လျှော့ချရန် (လေထု၊ ရေထု၊ မြေဆီလွှာနှင့် ကျွန်ုပ်တို့ ခန္ဓာ ကိုယ်တွင်းမှ ဓာတုပစ္စည်းများ ကင်းစင်စေခြင်း)

 

    သက်ရှိသတ္တ၀ါ အားလုံး ကျန်းမာစွာအသက်ရှင်နေထိုင်ရန်အတွက် အဆိပ်အတောက် ကင်းစင်သော ပါတ်ဝန်းကျင်ဖြစ်ဖို့ သဘာဝ အော်ဂဲနစ် အစားအစာများကိုသာ ၀ယ်ယူခြင်းဖြင့် ကူညီရာရောက်သည်။ USDA စစ်တမ်းများအရ အမေရိကန်နိုင်ငံရှိ ၀.၅ရာခိုင်နှုန်းသော သီးနှံများနှင့် စားကျက်မြေများသာလျှင် သဘာဝအတိုင်းဖြစ်၍ ကျန် ၉၉.၅ ရာခိုင်နှုန်းသော လယ်ယာဧကတို့မှာ ဘေးဥပါဒ်ဖြစ်စေသော စိုက်ပျိုးရေးသုံး ဓာတုပစ္စည်းများနှင့် ထိတွေ့နေရခြင်း အန္တရာယ်နှင့် ကြုံတွေ့နေရသည်။



၂။ စိုက်ပျိုးခြင်းမှဖြစ်ပေါ်သော ညစ်ညမ်းမှုကို လျှော့ချခြင်း

 

    စက်မှုလယ်ယာမှ အညစ်အကြေးတို့သည် လယ်မြေ၊ လယ်ယာထွက်ကုန်များနှင့် လယ်လုပ်သားများ သာမက ၄င်းနှင့်နီးကပ်နေသော မြစ်ချောင်းအင်းအိုင်များနှင့် အနီးအနား ပါတ်ဝန်းကျင်များကိုပါ အဆိုး ရွားဆုံး ပျက်စီးစေနိုင်သည်။ စိုက်ပျိုးရေးသုံး အဆင်း၊ အနံ့မရှိသော ပိုးသတ်ဆေးများသည် ၄င်းမြစ်ချောင်း အင်းအိုင်များမှ တဆင့် ပင်လယ်သမုဒ္ဒရာ ပတ်ဝန်းကျင်ကိုပါ ဆိုးကျိုးပေးနိုင်သော အဓိကတရား ခံ  ဖြစ်လာသည်။ မြစ်ရေနှင့်အတူပါလာသော ဓာတုဓါတ်မြေသြဇာများသည် နူးညံ့သော သမုဒ္ဒရာပါတ်ဝန်း ကျင်တွင် ရေသတ္တ၀ါများ သေစေနိုင်သော အန္တရာယ်ဇုန်များ ဖြစ်ပေါ်စေသော အဓိက လက်သည်ဖြစ် လာသည်။ ဥပမာအားဖြင့် ၂၀၀၂ခုနှစ် သြဂုတ်လထုတ် သိပ္ပံမဂ္ဂဇင်း၏ ဖော်ပြချက်အရ မက္ကဆီကို ပင်လယ်ကွေ့တွင်းရှိ အန္တရာယ်ဇုန်မှာ ယခုချိန် တွင် ၂၀,၀၀၀စတုရန်းကီလိုမီတာခန့် ရှိနေပြီဖြစ်ပြီး ၄င်းအကျယ်အ၀န်းမှာ နယူးဂျာဆီပြည်နယ် ထက်ပင် ပိုမိုကျယ်ဝန်းနေသည်ဟု  သိရပါသည်။


၃။ အနာဂတ်မျိုးဆက်များအား ကာကွယ်ခြင်း

 

မိခင်တစ်ဦး မိမိ မွေးကင်းစရင်သွေးကို ပထမဆုံးအကြိမ် မစောင့်ရှောက်ရသေးခင်မှာပင် ပိုးသတ်ဆေး များမှ အဆိပ်အန္တရာယ် စတင်ကြုံတွေ့ပြီးဖြစ်သည်။ လေ့လာချက်များအရ မွေးကင်းစကလေးများသည် မိခင်၏ သားအိမ်တွင်းမှာပင် အန္တရာယ်ရှိသော ဓာတုပစ္စည်းရာပေါင်းမှားစွာနှင့် ထိတွေ့ခဲ့ပြီးဖြစ်သည်။ အမှန်မှာတော့ လူသားများအား အန္တရာယ်မပေးနိုင်သည့် စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်းသုံး ဓာတုပစ္စည်း များ ပမာဏသည် အရွယ်ရောက်ပြီးသူများ၏ ခံနိုင်ရည်ပေါ်တွင်သာ မူတည်၍ တိုင်းတာ သတ်မှတ် ထားခြင်းဖြစ်ပြီး ကလေးငယ်များအပေါ် တိုင်းတာထားခြင်းမရှိပါ။ အမေရိကန် အမျိုးသား သိပ္ပံဌာန၏ အဆိုအရ အနည်းငယ်သောပိုးသတ်ဆေးပမာဏကိုသာ ထိတွေ့ခြင်းသည်လည်း ဦးနှောက် အာရုံကြော စနစ်အား ဆိုးကျိုး သက်ရောက်စေနိုင်သည်။ များစွာသောလေ့လာချက်များအရ ပိုးသတ်ဆေးများသည် အာရုံကြောစနစ်ကို ဆိုးရွားစွာ ထိခိုက်စေနိုင်သည်။ ကင်ဆာရောဂါဖြစ်နိုင်ချေပိုများစေသည်။ ဖွံ့ဖြိုး မှုနှုန်း နှောင့်နှေးစေသည်။